Pages

Wednesday 21 September 2011

နှလုံးသားအာဟာရ ရသစာပေ

ဂျာမန်ပုံပြင်တစ်ခုတွင် Nightingale ငှက် နှင့် ဥသြငှက်တို.သည် ဘယ်သူက သီချင်းအဆိုကောင်းသလဲဟု အပြိုင်အဆိုင်ဆိုကြပါသည် ။ သူတို.တေးဆိုပုံကို အကဲဖြတ်ရမဲ့သူမှာ မြည်းတစ်ကောင်သာ ဖြစ်သည် ။                   Nightingale ငှက်က တေးသီချင်းကို စဆိုပါသည် ။ သူ၏ အသံသာသည် တစ်တောလုံးကို ပဲ့တင်ထပ်သွားသဖြင့် အကဲဖြတ်ရမည့် မြည်းသည်ပင်လျှင် နားရွက်ရှည်ကြီးတွေကို လှုတ်ခတ်မိခဲ့ပါသည် ။ သူ.မျက်နှာပေါ်တွင် ရှုတ်ထွေးသောအမူအရာများမှာ ပေါ်လွသ်လှပါသည် ။ ထို.နောက် ဥသြငှက်ကလေးက " ဥသြ ...ဥသြ .."  ဟု ရိုးရိုးလေး သီဆိုပါတော့သည် ။ ထိုအခါ မြည်းမျက်နှာပေါ်တွင် အလေးအနက်ထားသော အမူအရာများပြလာသည်ကိုတွေ.ရသည် ။ ရိုးလွယ်လွန်းသဖြင့် မြည်း အဖို.ကောင်းစွာ နားလည်ပြီး ချီးကျူးသည့် မျက်နှာပေးဖြင့် ခေါင်းကို တညိတ်ညိတ်လုပ်ပါတော့သည် ။ " ဥသြ... ဥသြ ... " ဟူသော အသံကို မြည်း နားလည်နိုင်ပါသည် ။ မြည်းတစ်ကောင်အဖို. ထို.ထက်ပိုရ်ျ နားမလည် နိုင်ပါ ။သူနားလည်သည်ကို ကြားရသဖြင့် " ဟီးးးဟီး .....ဟီးးဟီးးး "  ဟု မြည်းက သြဘာပေးပါသည် ။                 ထိုပြိုင်ပွဲတွင် မြည်း က ဥသြငှက်၏ တေးဆိုမှုကို အနိုင်ပေးလိုက်သည်မှာ ဘာမှ မထူးဆန်းပါ  ။                 ဆုံးဖြတ်ချက်ချရာတွင် မြည်းဆုံးဖြတ်သလိုမျိုး လူအများဆုံးဖြတ်တတ်ကြပါသည် ။ကျနော်တို.ရဲ့အကန်.အသတ်အမြင် ၊ ဘက်လိုက်မှု ၊ မသိနားမလည်မှုများပေါ်တွင် အခြေခံလျက် ဆုံးဖြတ်ချက်များကို ချမှတ်တတ်ကြပါသည် ။                 သူတပါးရဲ့ဆုံးဖြတ်ချက်ကြောင့် ကိုယ့်ရဲ့ စိတ်ဓါတ်ကျဆင်းမှုမဖြစ်ပါစေနဲ့ ။ သူရဲ့နားလည်နိုင်မှုအရသူဆုံးဖြတ်တာဖြစ်ပြီး ဒါဟာကျနော်တို.ရဲ့ အခြေအနေမှန် ဟုတ်ချင်မှဟုတ်မှာပါ ။
(forward mail) တခုကနေရတာပါ

2 comments: