Pages

Wednesday 21 September 2011

ငယ်ဘ၀အပိုင်းအစများ --၁




သူငယ်ချင်းတွေအကြောင်းကိုတွေးမိရင် ငယ်ငယ်ကအဖြစ်အပျက်တွေက တခုပီးတခုထွက်လာတယ်.........
               မြွေရင်ရင်ကြောက်တတ်တဲ့ သူငယ်ချင်းလေးဆိုလည်း သူကမဟုတ်မခံလေ ခုတော့သူ့ ကိုယ်သူ ရင့်ကျက်လာပြီလို့ တော့ပြောတာပဲ (စာလေးရေဖွပီနော်)   တခါသူရယ်အမတွေရယ်နဲ့ ကန်တော်မင်ကိုသွားကြတယ် သူနဲ့ ညီမလေးတယောက်နဲ့ က ခြေနင်းလှေစီးတယ် ခဏနေတော့ ရေလယ်ကောင်ကနေအော်သံကြားတယ်  နောက်ကမ်းကပ်လာတော့ဘာဖြစ်တာလဲဆိုတော့ ဘေးကခြေနင်းလှေက ကိုရင်လေးတွေကသူ့ ကိုစလို့ ဆိုပီး ဒေါသတွေထွက် ပီး သာသနာတော်ပီးပျက်ဆီးမယ်ဆိုပီးအော်ဟစ်လာတာလေ ဖိုက်တာမလေးပေါ့ ..........................................
တက္ကစီစီးရင်လည်း ကားသမားမညဥ်းခင်သူကညဉ်းတာလေ ဆီဈေးကြီးတယ်ဘာတယ်နဲ့ ပေါ့ ..........................ခုတော့သူလည်းပေါင်တရာကျော်လို့ ပျော်နေပီတဲ့ .............
               သူများရယ်ရင်ဘာမှန်းမသိဘဲ လိုက်ရယ်တတ်တဲ့သူငယ်ချင်းလေးကတော့ အေးအေးဆေးဆေးပါပဲ မှတ်မိနေတာလေးတခုက သူကြောက်ပီးအားနာတတ်ပုံက သူ့ ကိုစကားလိုက်ပြောတဲ့ မဲမဲပြောင်ပြောင်နဲ့ အကောင်ကိုသူ ကလန့်ပီးဘာမှပြန်မပြောတော့ သူ့ ရည်းစားလို့ တောင်အထင်ခံရတဲ့ အထိပါပဲ (ဟီးဟီးမပိပိရေ ဖွပီနော်)........သူ့ နားကိုကပ်ချင်တဲ့ လူတွေကတော့ကိုယ်တွေကိုဘီလူးမတွေလို့ အပြောခံရတဲ့ အထိပါပဲ ............
               သူရည်းစားရတုန်းက ငိုလိုက်ရတာ ခုပြန်တွေးတော့လည်းရယ်ချင်သား ဟီး ဒါပေမဲ့ လည်း သူ့ ကိုနှမြောတာကိုး ငိုလိုက်ရတာဆိုတာ နှပ်ချေးတွေထွက်နဲ့ အိမ်ကတောင် နင်မရလို့ သူများရတာကိုငိုတာလားမေးရတဲ့ အထိပါပဲ ............သူငယ်ချင်းကိုနှမြောတာပါ.........................
နောက်တယောက်ကတော့ ဈေးဝယ်ရင်စိစစ်လွန်းလို့ လေ တခါယုဇနပလာဇာမှာ ဈေးဝယ်တော့သူကလည်းချုပ်ရိုးကအစစစ်တာပေါ့နော် ကောင်မလေးက လည်း အထည်တိုင်းဝယ်မလားမေးနေတာ သူကရွေးနေတော့ကျွန်မတို့ ကလည်း သတိမထားမိဘူးပေါ့ ဆိုင်ကခုံမှာအေးဆေးထိုင်နေတာ နောက်သူ့ ဆီက "ကြိုက်မှဝယ်မှာပေါ့ ဘာလို့ လိုက်ပြောနေတာလည်း " ဆိုတဲ့ အသံလည်းကြားရော ရန်ဖြစ်တယ်ထင်ပီး ထပြေးဖို့ တောင်ကြံရတဲ့ အထိပါ (အမှတ်တရလေးတခုမို့ ပါ)       ငယ်ငယ်တုန်းက သူငယ်ချင်းတွေ တနေ့ တနေ့ ပြောလိုက်ရတဲ့ စကား စိတ်ကစားတဲ့ အရွယ်တွေကလည်းဖြစ်ပြန်ပေါ့
              ၇ တန်းတုန်းက ပေါ့ ချစ်သူများနေ့ မှာ (မှတ်မှတ်ရရ သူငယ်ချင်းတစုလုံးတခါမှ ပန်းမရဖူးဘူးကျောင်းတက်နေတုန်းက)   ထိုင်တာကလည်း လူက တတန်းကို 7 ယောက်ထိုင်တာလေ အဲ့ နေ့ ကမနက်အစောကြီးထိုင်ခုံမှာ ပန်းတပွင့်နဲ့ ကတ်လေးတခုနဲ့ ရောက်နေတာ ဘယ်သူ့ ကိုပေးမှန်းလည်းမသိဘူးပေါ့ သူ့ နိုးနိုးကိုယ့်နိုးနိုးနဲ့ လေ နောက်မှဘယ်ဟုတ်မလဲ အတန်းထဲ ကကောင်လေးတယောက်က သူ့ ကောင်မလေးကိုပေးဖို့ ခဏမေ့ ပီးတင်ခဲ့ တာဖြစ်နေတယ်..........ရက်စက်လိုက်တာ
                ရှိသေးတယ် ဟိုရယ်ရင်အတောမသတ်တဲ့ မမပေါ့ သူကလည်း မနိုင်ဘူး ရယ်စရာတွေပြော.....ပီးရင်ရယ်ကြတာအကျယ်ကြီး သူနဲ့ လည်းငယ်ငယ်က တခြားအခန်းကချောတဲ့ ကောင်လေးတွေကိုအပြိုင်လုကြရတာပေါ့ (နောက်ဆုံးတော့လည်း ဘယ်သူမှမရပါဘူး တခြားလူတွေပဲဦးသွားခ့ဲကြတာ)
                လျှို့ ဝှက်ချက်တခုတော့ရှိတယ် ငယ်ငယ်က ကလေးတယောက်ကိုနှိပ်စက်ခဲ့ တာပေါ့ မကောင်းဘူးနော် ဒါပေမဲ့ ခံရတာများလို့ ပါ 7တန်းတုန်းက ပန်းချီတွေဘာတွေသင်ပေးတဲ့ အချိန်မှာလာတဲ့ ဆရာမရှိတယ် သူ ကသူ့ သားလေးကိုခေါ်လာတာ ကလေးကသိပ်နှိပ်စက်တာ လာရင်ကလိထိုးလိုက် ဆိတ်ဆွဲလိုက်နဲ့ လေ နာတာပေါ့ ပြောကလည်း မပြောရဲနဲ့ လေ
တနေ့ အဲ့ ကလေး လာတော့ ကလေး ကိုရှေ့ ကနေကာလိုက်တာ ကလေးကလည်းပြေးအလာဆိုတော့ချော်လဲတော့တာပေါ့ဟီး မမတွေကလည်း အိုက်တင်ကကောင်းတယ်ကလေးကိုပါထူပေးကြတာ........မပိပိတို့ ပေါ့ ..................
၁၀ တန်းရောက်တော့ ဆရာမတယောက်ရှိတယ် တီချယ်က သူ ဆူရင်သူရှေ့ ကတိုင်ပေးတာကိုနောက်ကလိုက်ပေးရတယ် တနေ့ သူက ကောင်လေးတယောက်ကိုမတ်တတ်ရပ်ပီးဆူနေတာ (နာမည်လေးလုံးနဲ့ ကောင်လေး)     အ့ဲအချိန်အားလုံးကလည်း ငိုက်တဲ့ လူနဲ့ စကားပြောတဲ့ လူနဲ့ မှတ်မှတ်ရရ ကျွန်မတို့ ကလက်ဖက်သုတ်ခိုးစားနေတာ (ရှူး) အဲ့ အချိန်ဆရာမက "တကောင်တည်း ဒါပေမဲ့ ဘာဖြစ်လဲ "လို့ မေးကော အမှန်က အဖြေက အားလုံးသိတယ် အမြဲလဲမေးနေကျ ဒါပေမဲ့  အဲ့ အချိန်အားလုံးကမအားဘူးလေ ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ ..........ထပ်မေးတယ် သုံးခွန်းလောက်ကျမှကြားတယ် အဲ့ဒါနဲ့ ပဲ လက်ဖက်သုတ်ပလုပ်ပလောင်းနဲ့ ဖြေလိုက်ရတယ် "ကျား"လို့ အသံကတော့သိပ်အားမရှိဘူး ၀ါးနေရလို့ ....................
                                                                                                       ဆက်လက်ဖော်ပြပါမည်.............


   

No comments:

Post a Comment