Pages

Wednesday 21 September 2011

ရတနာသုံးပါး


       ဤလောက၌ ဘုရား၊တရား၊သံဃာတို့ သည် အရှားပါးဆုံး၊ အဖိုးထိုက်တန်ဆုံး
နှစ်သက်မြတ်နိုးဖွယ်အကောင်းဆုံး ရတနာများ ဖြစ်ကြ၏။ ထို့ ကြောင့် ဗုဒ္ဓ္ဓ၊ ဓမ္မ၊ သံဃာ တို့ ကို ရတနာမြတ်သုံးပါးဟု ခေါ်၏။
           ဗုဒ္ဓရတနာသည် တရားအလုံးစုံကို အလိုလိုသိမြင်နိုင်သော သဗ္ဗညုတညာဏ်ပိုင်ရှင် မြတ်စွာဘုရားဖြစ်သည်။
       မြတ်စွာဘုရား ပွင့်ထွန်းသောအခါနှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်း၏။ ထို့ ကြောင့် ဗုဒ္ဓရတနာ သည် အလွန်ရှားပါးသော ရတနာဖြစ်၏။
              လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂုန်ပြည်တို့  ရှိသော စိန်.ကြောင်.နီလာ. သန္တာ.ဂေါ်မုတ်. ဥဿဖယား. ပတ္တမြား. မြ. ပုလဲ. ရတနာကိုးပါး (န၀ရတ်) တို့ ထက်  ဗုဒ္ဓရတနာသည် အလွန်ရှားပါးသော ရတနာဖြစ်၏။ မြတ်စွာဘုရားသည် လူနတ်ဗြဟ္မာတို့ ချမ်းသာကောင်းစားရန် အများဆုံး အကျိုးဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်၏. ညမတ်စွာဘုရားကိုဖူးတွေ့ ရသူများသည် ရွှင်လန်းဝမ်းမြောက်ကြရ၏၊ အဖိုးမဖြတ်နိုင်သော ကုသိုလ် ကောင်းမှုကိုရရှိကြ၏။ 
               ထို့ ကြောင့်  ဗုဒ္ဓရတနာသည် အမြတ်ဆုံး ရတနာတစ်ပါးဖြစ်သည်။
              
              ဓမ္မရတနာသည် မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗန်၊ ပရိယတ္တိဟု ဆိုအပ်သော တရား ၁၀-မျိုး ဖြစ်သည်။ ဤတရားတို့ သည် လောက၌ အမြင့်မြတ်ဆုံးတရားများဖြစ်ကြ၏။
              ဓမ္မရတနာကို မြတ်စွာဘုရားသာသာနာတော်အတွင်း၌သာ မြင်တွေ့ နိုင်သည်။ ထို့ ကြောင့်ဓမ္မရတနာသည် အလွန်ရှားပါးသော ရတနာတစ်ပါးဖြစ်၏။
              လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည် တို့ ၌ရှိကြသော ရတနာအားလုံးတို့ ထက် ဓမ္မရတနာက ပို၍အဖိုးတန်၏။
               တရားတော်ကို နာကြားရသူသည် နှစ်သက်ဝမ်းမြောက်ရ၏။ ကျင့်ကြံပွားများလျှင် ပို၍နှစ်သက်ဝမ်းမြောက်ရ၏။ နိဗ္ဗန်ချမ်းသာမှာ အကောင်းဆုံးချမ်းသာဖြစ်နိဗ္ဗန်သည် အကောင်းဆုံးနှစ်သက်ဖွယ်တရားဖြစ်သည်။
               ထို့ ကြောင့်ဓမ္မရတနာသည် အမြတ်ဆုံးရတနာတပါးဖြစ်၏။
              သံဃာရတနာသည် အရိယာသံဃာနှင့်သမ္မုတိသံဃာဟူ၍ ၂-မျိုးရှိ၏။ အရိယာပုဂ္ဂိုလ် ၈-မျိုးကို အရိယာ သံဃာဟုခေါ်၏။ ပရမတ္ထသံဃာဟုလည်းခေါ်၏။ သိမ်၌ ကမ္မ၀ါဖတ်၍ ရဟန်းဖြစ်သော ပုဂ္ဂိုလ်တို့ ကို သမ္မုတိသံဃာဟုခေါ်၏။ 
                သံဃာတော်သည် မြတ်စွာဘုရားသာသနာအတွင်း၌သာပေါ်ပေါက်နိုင်၏။ ထို့ ကြောင့်သံဃာရတနာသည် အလွန်ရှားပါးသော ရတနာတစ်ပါးဖြစ်၏။ လူ့ ပြည်၊ နတ်ပြည်၊ နဂါးပြည်၊ ဂုန်ပြည်တို့  ရှိသော ရတနာအားလုံးတို့ ထက် သံဃာရတနာက ပို၍အဖိုးတန်၏။
               သံဃာတော်ကိုရိုသေလေးမြတ်စွာ ဆည်းကပ်ကိုးကွယ်သူတို့ သည် အဖိုးမဖြတ်နိုင်သောကောင်းကျိုးချမ်းသာကို ရရှိကြ၏။
                ထို့ ကြောင့်သံဃာရတနာသည် အမြတ်ဆုံး ရတနာတစ်ပါးဖြစ်၏။
 
 

No comments:

Post a Comment