Pages

Tuesday 20 September 2011

jokes

(၁)ကဲပြောစမ်း

ကောင်လေးနဲ့ ကောင်မလေး ပန်းခြံထဲမှာ စကားထိုင်ပြောနေကြတုန်း ကောင်မလေးရဲ့ အမေရောက်လာပြီး …

" ကဲပြောစမ်း …။ မင်းငါ့ သမီးကို ဘာတွေပြောနေတာလဲ။ ဖြားယောင်းသွေးဆောင်နေတာမဟုတ်လား"

ဒီတော့ ကောင်လေးက " မဟုတ်ရပါဘူးဒေါ်ဒေါ် သူကချည်းပြောနေတာပါ"



(၂)သြော်


" သမီးနဲ့ ဈေးဝယ်တောင် အတူတူ မသွားရဲ ပါဘူးရှင်။ သမီးချောချောမွေးမိတဲ့ ဒုက္ခ တော်တို့ သိမှာမဟုတ်ပါဘူး"

" သဘာဝပဲလေ ဆီဆက်ပိုင်ရှင်ကြီးရယ်။ဝိုင်းဝိ
ုင်းလည်နေလို့ စိတ်ညစ်နေတာပေါ့ ။"

" ၀ိုင်းဝိုင်းလည်နေတာ စိတ်မညစ်ပါဘူးနော်။ လမ်းထောင့် က သူဌေးက ယောက္ခမကြီးလို့ ခေါ်ခေါ်နေတာ

စိတ်ညစ်တာ"

" သူဌေးကခေါ်တာများ "

" အို…သူ့ အသက်က ကျုပ်ထက်သုံးနှစ်ပိုကြီးတယ်တော့ "


(၃)မှန်လိုက်လေ


လင်မယားနှစ်ယောက် စကားပြောနေကြရာ

မိန်းမ " ရှင်တို့  ယောက်ျားတွေက ဒီဘက်နားက၀င် ဟိုဘက်နားကပြန်ထွက်သွားတာပဲ"

ယောက်ျား " မင်းတို့ မိန်းမတွေကရော"

မိန်မ " ကျုပ်တို့ ကတော့ ဟိုဘက်နားက၀င်တာရော ဒီဘက်နားက ၀င်တာရော

ပါးစပ်ကပဲ ပြန်ထုတ်တာ"


(၄)ဒါကို ပိုနှမြောတယ် …

ကမ်းပေါ် တတ်ခွင့်ရသဖြင့်  သင်္ဘောသားများ မြို့ ထဲလျှောက်လည်ကြသည်။ သတ်မှတ်ချိန်ရောက်သောအခါ သင်္ဘောသားများ အစီအရီ သင်္ဘောဆီ ပြန်လာကြသည်။ အရာရှိက တစ်ယောက်ချင်းစစ်သည်။ သင်္ဘောသားတစ်ယောက်သည် လက်နှစ်ဖက်တွင် ၀ီစကီတစ်ပုလင်းစီ ကိုင်၍ အရာရှိကို ကျော်တတ်၏ ။ အိပ်ထောင့် ထဲ ထည့်ရန် လုံးဝပင် စိတ်မကူးဘဲ ယခုကဲ့ သို့ ဗြောင်ကျလွန်းသည်ကို အရာရှိက လုံးဝသဘောမတွေ့ ပေ။ " ဟေ့  ရပ်လိုက်စမ်း " သင်္ဘောသား ရပ်လိုက်သည်။ နောက်မှ လိုက်လာသည့် သင်္ဘောသားများ ၀ိုင်းကြည့်နေရာ ပုလင်းကိုင် သင်္ဘောသားရှက်သွားမည်ဆိုးသဖြင့် အရာရှိက အောက်ပါအတိုင်း အောက်ပါအတိုင်းပြောလိုက်သည်။ " ငါမျက်လုံးနှစ်ဖက်ပိတ်ပြီး တစ်ကနေ သုံးအထိရေမယ်။ အဲ့ ဒီအချိန်အတွင်းမှာ ရေထဲကို ပစ္စည်းကျတဲ့ အသံနှစ်ခုကြားချင်တယ်။ ကိုင်း တစ်၊ နှစ်၊ သုံး " " ဗလွမ်း ၊ ဗလွမ်း " အရာရှိ မျက်လုံးဖွင့်လိုက်သည်။ "အေး ဒီလိုမှပေါ့ ကိုင်း မင်းသွားနိုင်ပြီ " သင်္ဘောသားပြေးတတ်သွားသည် ။ နောက်မှလိုက်ကြည့်နေသော အရာရှိက အံသြတကြီးမေးသည်။ " ဟေ့  ဟေ့  မင်းခြေထောက်မှာ ဘာလို့ ဖိနပ်မပါရတာတုန်း "


(၅)အမေတာဝန်ယူတယ် ….

"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ ဝါဒီ၊ ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး" " လက်သာထပ်လိုက်ပါ သမီးရယ် ၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင် လုပ်ဖို့ မေမေ့တာဝန် ထားလိုက်ပါကွယ် "


(၆)လက်မထပ်မီနှင့်လက်ထပ်ပြီး


လက်မထပ်မီ

ကောင်လေး - သိပ်ကောင်းတာပဲ။ ငါ့မျှော်လင့်တဲ့နေ့ ရောက်လာခဲ့ပြီ။

ကောင်မလေး - နင် နောင်တရမလား

ကောင်လေး - ဟာ.. တစ်ခါမှ အဲဒီလို မစဉ်းစားမိဘူး။

ကောင်မလေး - ငါ့ကို တကယ်ချစ်လား

ကောင်လေး - တကယ်ပေါ့။

ကောင်မလေး - ငါ့အပေါ် သစ္စာဖောက်မှာလား။

ကောင်လေး - အဲဒီလို တစ်ခါမှ မတွေးထားမိဘူး။

ကောင်မလေး - ငါ့ကို တစ်ခါလောက် နမ်းပါလား။

ကောင်လေး - အင်း.. တစ်ခါထက်ကို မကဘူး။

ကောင်မလေး - ယူပြီးရင် နင်ငါ့ကို ရိုက်မှာလား။

ကောင်လေး - လုံးဝ မဖြစ်နိုင်တာ

ကောင်မလေး - ငါ နင့်ကို ယုံရမလား

လက်ထပ်ပြီးနောက်

စာကို အောက်မှ အထက်သို့ တစ်ခေါက်ပြန်ဖတ်ပါ။

(၇)ကြက်တူရွှေး

တစ်ခါက လူတစ်ယောက်ဟာ မွေးနေ့မှာ ကြက်တူရွေးတစ်ကောင်ကို လက်ဆောင်ရလိုက်တယ်။ ကြက်တူရွေးက လူစကားတတ်ပေမယ့် ရိုင်းရိုင်းစိုင်းစိုင်းတွေပဲ ပြောတယ်။ ပိုင်ရှင်က ကြက်တူရွေးကို လိမ်မာယဉ်ကျေးလာအောင်၊ သိမ်မွေ့လာအောင် သင်ပေးပေမယ့် မထူးခဲ့ဘူး။ ဒေါသထွက်ပြီး ကြက်တူရွေးကို အော်ငေါက်တော့ ကြက်တူရွေးပြန်အော်တာကို သူခံရပြန်တယ်။ ကြာတော့ ရိုင်းစိုင်းတဲ့ ကြက်တူရွေးဒဏ်ကို မခံနိုင်ဘဲ သင်္ခန်းစာပေးဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ကြက်တူရွေးကို လှောင်ချိုင့်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပစ်လိုက်တယ်။ မိနစ်အနည်းငယ် ကြာတော့ ကြက်တူရွေးက အေးခဲလာပြီး အတောင်တဖတ်ဖတ်နဲ့ ရုန်းတော့တယ်။ ပိုင်ရှင်က တအောင့်စောင့်ပြီး ရုန်းသံမကြားမှ တံခါးဖွင့်ပြီး ချမ်းတုန်နေတဲ့ ကြက်တူရွေးကို ထုတ်ပေးလိုက်တယ်။ ကြက်တူရွေးက “အရင်က ကျွန်တော် ရိုင်းစိုင်းခဲ့တာတွေကို ခွင့်လွတ်ပေးပါ။ လိမ်မာယဉ်ကျေးလာအောင် အပြုအမှုနဲ့ စကားတွေကို ကျွန်တော်ပြုပြင်ပါ့မယ်” လို့ ပိုင်ရှင်ကို တောင်းပန်လိုက်တယ်။ အရင်က ကြက်တူရွေးကို ခြောက်လိုက်၊ ငေါက်လိုက်သင်ခဲ့သမျှတွေ အသုံးမဝင်ဘဲ ရေခဲသေတ္တာထဲ ခဏလေးထည့်လိုက်တာနဲ့ ပြောင်းလဲသွားတဲ့ ကြက်တူရွေးကို ကြည့်ပြီး ပိုင်ရှင် နားမလည်ခဲ့ဘူး။ သိလိုစိတ်နဲ့ ကြက်တူရွေးကို မေးမယ်ကြံတုန်းမှာ ကြက်တူရွေး မေးလိုက်တာက “ဒါနဲ့ မသိလို့ မေးပါရစေ… ဟို ရေခဲသေတ္တာထဲက အမွေးပြောင်အောင် နှုတ်ထားတဲ့ ကြက်မှာ ဘာအပြစ်ရှိလို့လဲ ဟင်း” ဟူတည်း။

(၈)မေ့မေ့ သင်္ချာ သမီး။ ။ “အမေ သမီးရဲ့ ကောင်လေးနှစ်ယောက်ကလက်ထပ်ခွင့်ေ တာင်းနေတယ်မေမေ…ဘယ်သူ့ကိုရွေး ရမလဲ မတိပါဝူး မေမေရယ်…။” အမေ။ ။ ” ညဉ်းကလဲ နှစ်ယောက်လေးကို ၊ငါဆို .. ချစ်သူ ၅ ယောက်ထဲကမှ ညီအဖေကိုရွေးခဲ့တာအေ့… ဒါနဲ့.. သမီးကောင်လေး တွေ ဘာလုပ်တုန်း သမီးရဲ့….” သမီး။ ။ “ဇီကုန်း ဆိုတဲ့ ကောင်လေးကတော့ company တစ်ခုက ၀န်ထမ်းမေမေရဲ့… သာယာဆိုတဲ့ တစ်ယောက်ကတော့ သဘောင်္သား မေမေ…” အမေ။ ။” သြော်… ဒါများသမီးရယ် ဘာစဉ်းစား စရာရှိတုန်းအေ့… သင်္ဘောသားကိုရွေး….. သူတို့သမီးကိုချစ်တာ ၁၅၀၀ ခြင်းညီမျှတောင် ဟိုကဒေါ်လာနဲ့ ချစ်မှာသမီးရဲ့……”

၉)ချစ်လို့ကျီစယ်……

အရူးဆေးရုံ တစ်ခုမှာပါ။ အ၇ူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။ ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး လျှောက်ပြေးနေတာလဲလို့မေးတော့သူ က “ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။ ကျွန်တော် သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။ သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့။ 

No comments:

Post a Comment