Pages

Tuesday 27 September 2011

ခောတ်မှီ လက်သည်း ပန်းချီ UV

အလှအပကို မြတ်နိုးတဲ့ သူတွေအတွက် နေ့စဉ်နဲ့မျှ အလှအပ ပြင်ဆင် ခြယ်သတဲ့ နည်းပေါင်းစုံ ထွက်ပေါ် လာနေပါတယ်။
ခန္ဓာကိုယ် အစိတ် အပိုင်းတစ်ခုစီ အတွက် ခေတ်နဲ့အညီ နည်းပညာ အသစ်၊ ပစ္စည်း အသစ်တွေက တစ်နေ့နဲ့ တစ်နေ့၊ တစ်မျိုးပြီး တစ်မျိုး တွေ့မြင် နေရတာပါ။ တစ်ကိုယ်လုံး နေရာလပ် မကျန်အောင် လှချင်ပချင်တဲ့ အမျိုးသမီးတွေ အတွက် လက်သည်း အလှဆင်မှု လက်သည်း ပန်းချီနဲ့ ပတ်သက်ပြီး အရင်ကလည်း ဖော်ပြခဲ့ ဖူးပါတယ်။ အခု ဖော်ပြချင်တာကတော့ အရင်က ပုံစံတွေနဲ့ မတူ၊ ကွဲပြား ခြားနားတဲ့ လက်သည်း အလှဆင်နည်းပါ။ မြန်မာနိုင်ငံ အနေနဲ့ ဆိုရင်တော့ လက်သည်းပန်းချီ နည်းပညာမှာ နောက်ဆုံးပေါ် နည်းပညာလို့ ဆိုလို့ရပြီး ပေါ်ထွက် လာခဲ့တာ လအနည်းပဲ ရှိပါသေးတယ်။ UV  နည်းပညာ လက်သည်း အလှ ပန်းချီပါတဲ့။

ဒီနည်းပညာကို လက်တွေ့ ပြသပေးတဲ့ ဇင်ဇင်က လက်သည်း ပန်းချီနဲ့ ပတ်သက်လို့ ၆ နှစ်ခန့် အတွေ့အကြုံ ရှိသူပါ။ နိုင်ငံတကာ စာအုပ်တွေကိုလည်း လေ့လာရင်း ကိုယ့်ဒီဇိုင်းကို ဖန်တီးလေ့ ရှိတဲ့ ဇင်ဇင်က UV လက်သည်း ပန်းချီနဲ့ ပတ်သက် ပြီးတော့လည်း ကိုယ်ပိုင် ဒီဇိုင်းနဲ့ ဖန်တီး ပြသ ခဲ့ပါတယ်။ မြန်မာ အမျိုးသမီးတွေ အနေနဲ့ လက်သည်း ပန်းချီရယ်လို့ စတင် ပေါ်လာစ အချိန်ကတော့ ရိုးရှင်းတဲ့ ပုံစံ ဒီဇိုင်းတွေကို နှစ်သက်ခဲ့ပေမယ့် အခု နောက်ပိုင်းမှာတော့ တောက်ပထင်ရှားတဲ့ ဒီဇိုင်း၊ ကျောက်စီ လက်သည်းပန်းချီ၊ ပုံဖော် ဒီဇိုင်းတွေကို ပိုလုပ်လာကြတယ်လို့လည်း သိခဲ့ရပါတယ် ဒါဟာလည်း ခေတ်ပြောင်းတဲ့နောက်ကို မမီ၊ မီ အောင်လိုက်နေရပြီး ပေါ်သမျှ လုပ်ကြည့်လိုက်ရ မှခေတ်မီတယ်လို့ ထင်မြင် ယူဆနေတဲ့ သူတွေ ကြောင့်လည်းပါ ပါလိမ့်မယ်။ ကျောက်ပန်းချီ၊3 D အစ ရှိသဖြင့် ခေတ်စားလာပြီး နောက် မှာတော့ UV ဆိုတာ ပေါ်လာပေမယ့် ကျောက်ပန်းချီနဲ့ 3D ကိုလည်း အခုထိ နှစ်သက်လက်ခံ နေကြဆဲပါပဲ။

UV လက်သည်း ပန်းချီကို နှစ်သက် လာကြတာကလည်း အကြောင်း ရှိပါတယ်။ UV က ပြောင်လက် တောက်ပနေပြီး အချိန်ကြာကြာ ခံတယ်လို့ သိရပါတယ်။ လက်သည်းကို အရင်းက ဆက်ထားတာ မဟုတ်ဘဲ အလယ်လောက်က ဆက်ထားပြီး ဆက်တဲ့ နေရာမှာလည်း လက်သည်း အတုနဲ့မဆက်ဘဲ UV ဆိုတဲ့ လက်သည်း အလှဆင် ပစ္စည်းနဲ့ ဆက်ထားတာမို့ ကြာရှည် ခံတာပါ။ ပြောင်လက်နေတဲ့ UV လက်သည်းတုပေါ်မှာ အလှ ဆင်ရတာမို့ ဒီဇိုင်းက ပိုလှပြီး ပိုကြွတာ တွေ့ရမှာပါ။
1. UV လက်သည်း ပုံဖော်တဲ့ စက္ကူနဲ့ ပထမဆုံး ပုံဖော်
2. လက်သည်း အတု ဖြစ်ပေါ်စေမည့် Gel ကို လိုသလောက်လိမ်း
3. လက်သည်း အပူပေး UV Lampe နဲ့ အပူချိန် ခပ်နွေးနွေး အခြောက်ခံ
4. လက်သည်း ကြည်ကြည်လေးရပြီ
5. ကိုယ်လိုချင်တဲ့ လက်သည်းပုံဖော်
6. လက်သည်း ပန်းချီအလှ ဆွဲဖို့သင့်တော်တဲ့ လက်သည်း အနေအထား
7. လက်သည်းပန်းချီနဲ့ UV လက်သည်း ဆက်ထားတဲ့ နေရာကို Colour Gel နဲ့လိမ်း
8. နောင်တစ်ကြိမ် အပူ ငွေ့လေးပေး
9. လက်သည်းပန်းချီ အလှကို ပံပိုးပေးမယ့် UV ရွှေမှုန် ငွေမှုန် Gel မလိမ်းမဖြစ်
10. ကြွကြွရွှရွှ လှစေမယ့် ကျောက်မှုန်နဲ့ လက်သည်းပန်းချီ ဆွဲပြီ
11. လက်သည်း အတုGel ကို အပေါ်ယံက ပြန်တင်ပြီးUV Lamp ဆက် အခြောက်ခံလိုက်တော့
12. သေသပ် လှပပြီး စွဲမက်နှစ်ခြိုက်ဖွယ် ခေတ်မီ UV အလှပိုင်ရှင် ဖြစ်ပြီပေါ့
UV လက်သည်းပန်ချီ အတွက် ပါဝင် ကူညီပေးပါသော ညီမငယ်လုံးလုံး (Ko Ko,Nyi Nyi Beauty salon-လပြည့်ဝန်း) လက်သည်း ပန်းချီပညာရှင် ဇင်ဇင်တို့ကို ကျေးဇူးတင် ရှိပါသည်။
သင်းပပ
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

No comments:

Post a Comment