Pages

Wednesday 21 September 2011

အမျိုးသမီးများအလှအပဆိုင်ရာမှားယွင်းတဲ့အလေ့အထလေးတွေကိုပြင်ဆင်ဖို့

ကိုယ့်ကိုယ်ကို အလှပြင်ဆင်တဲ့အခါမှာ ကိုယ်က ပရော်ဖက်ရှင်နယ် မိတ်ကပ်ပညာရှင်၊ ဆံပင်ပညာရှင်မဟုတ်တော့အခက်အခဲလေးတွေ ၊ အမှားအယွင်းလေးတွေကတော့  ရှိမှာပါပဲ။   ဒါပေမယ့်ဒါတွေကိုစိတ်ပျက်စရာမလိုပါဘူး။ ကိုယ့်မှာအလေ့အကျင့်ရှိမယ်၊ စိတ်ရှည်မယ်၊ ဂရုစိုက်လေ့လာမယ်ဆိုရင် အဆင်ပြေသွားမှာပါ။  အလှအပနဲ့ပတ်သက်လို့အယူအဆတွေအမျိုးမျိုးကွဲလွဲကြပြီးအချို့က အမှားကိုအမှန်ထင်လို့ပြုလုပ်နေကြတာတွေရှိပါတယ်။  ဒီလိုအမှား တွေကိုပြင်ဆင်နိုင်ပြိးနေ့စဉ်နေ့တိုင်း လှပတဲ့သွင်ပြင်ကိုပိုင်ဆိုင်နိုင်ဖို့ ပြောပြချင်ပါတယ်။

(၁)ဆံကေသာနှင့်ပတ်သက်သောမှားယွင်းမှု
ဆံကေသာကို ကျန်းမာသန်စွမ်းနှုးညံ့တောက်ပြောင်စေချင်ရင် ကွန်ဒီရှင်နာနဲ့ ပတ်သက်လို့အမျိုးသမီးတွေလုပ်လေ့လုပ်ထရှိတဲ့ အမှားကတော့ ဆံပင်အရင်းတွေကိုကွန်ဒီရှင်နာလိမ်းမိတာပါပဲ။  ဒီလိုလိမ်းလိုက်ခြင်းအားဖြင့် ဆံပင် အရင်းတွေဟာလေးသွားပြီးဆံပင်ပြားကပ်ကုန်တာ ၊ အဆီပြန်တာမျိုးတွေဖြစ်တတ်တယ်။ ဒါကြောင့် ကွန်ဒီရှင်နာကို ဆံပင်အရင်းတွေကိုမထိစေဘဲ နားရွက်နားလောက်ကဆံပင်တွေကနေ စပြီး အဖျားထိပဲ လိမ်းပေးရမှာပါ။ အဲဒီ နေရာကဆံပင်တွေဟာ ဦးရေပြားနားက ဆံပင်တွေထက်ပိုပြီးပျက်ဆီးလေ့ရှိပါတယ်။ ဒါကြောင့်ဆံပင်အဖျားတွေကို ဦးစားပေးလိမ်းရမှာပါ။ ဒီလိုဆိုရင် ကွန်ဒီရှင်နာသုံးလို့ ဆံပင်ပြားကပ်သွားတာမျိုး မဖြစ်စေဘဲ ဆံသားတွေဟာ ပျော့ပြောင်းနူးညံ့သွားပါလိမ့်မယ်။

(၂)မိတ်ကပ်နှင့်ပတ်သက်သောမှားယွင်းမှု
မိတ်ကပ်အထူကြီး လိမ်းတာဟာ ကိုယ့်အသွင်ပြင်ကိုထိခိုက်စေနိုင်လို့ အခုဆိုရင် ထူထူကြီးလိမ်းတာမျိုးတော့ သိပ်မရှိတော့ပါဘူး ၊ ဒါပေမယ့် တချို့ကတော့ ဒီအမှားကို ဆက်ပြီးလုပ်နေကြတုန်းပါပဲ။ လန်းဆန်းငယ်ရွယ်တဲ့မျက်နှာပြင် ကိုရရှိဖို့ အများကြီးလိမ်းစရာမလိုပါဘူး။ သဘာဝကျတဲ့ မိတ်ကပ်ပုံစံကသာ ကိုယ့်အလှကိုတောက်ပစေမှာပါ။ သဘာဝကျတဲ့ပုံစံမျိုးဖန်တီးဖို့်ဆိုရင်ဖောင်ဒေးရှင်းကို ခပ်ပါးပါးလေးလိမ်း၊ Lip Gloss လေးတင်၊မက်စ်ကာရာအနက်ရောင်လေးဆိုး၊ ပါးနီဖျော့ဖျော့လေးနဲ့ဆို အဆင်ပြေပါပြီ။

(၃)မျက်ခုံး နှင့်ပတ်သက်သောမှားယွင်းမှု
အမျိုးသမီးတွေလုပ်နေကျအမှားတစ်ခုကတော့ မျက်ခုံးပုံသွင်းဖို့နှုတ်တဲ့အခါမှန်နားကို အရမ်းကပ်ကြည့်ပြီး နုတ်တာပါပဲ။ မှန်နဲ့ အရမ်းကိုနီးနီးကပ်ကပ်ကြီး ကြည့်လိုက်တဲ့အခါ ကိုယ့်မျက်ခုံးပုံစံတစ်ခုလုံးကို ခြုံပြီးသေသေချာချာ မမြင်နိုင်လို့ မျက်ခုံး နှုတ်ပြီးတဲ့အခါ မညီမညာဖြစ်တာတွေ၊ ပိုပြီး နှုတ်မိတာတွေ ဖြစ်တတ်ပါတယ်။ မျက်ခုံးပုံစံဟာ ကိုယ့်မျက်နှာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ သတိထားရပါမယ်။ မျက်ခုံးနှုတ်တော့ မယ်ဆိုရင် မှန်ကြီးကြီးတစ်ချပ်ကို ယူပြီး ကိုယ့်မျက်ခုံးပုံစံ တစ်ခုလုံးကို စစ်ဆေးကြည့်ရူဖို့ နောက်ကိုနည်းနည်းဆုတ်ပြီး ကြည့်ပါ။ နှုတ်တော့မယ်ဆိုမှ မှန်နားကို နည်းနည်းကပ်ပြီး နှုတ် ပါ။

(၄)ညီညာစွာမိတ်ကပ်လိမ်းခြယ်မှု
အခုခေတ်မှာ Skin care ကိုအမျိုးသမီးအတော်များများ က ပြုလုပ်လာကြပြီဆိုပေမယ့် များသောအားဖြင့်ကတော့ မျက် နှာလေး တစ်ကွက်စာကိုသာ အလေးထားကြပြီး လည်ပင်းကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ လည်ပင်းက အရေပြား ဟာ မျက်နှာနဲ့ ခန္ဒာကိုယ်ရဲ့ ကျန်တဲ့အစိတ်အပိုင်းက အရေးပြားတွေ ထက်ပိုပြီး ပါးလွှာလို့ အရေတွန့်တာ အရေးအကြောင်း ဖြစ်ပေါ်တာ တခြားနေရာတွေထက်စာရင် လျှင်မြန်ပါတယ်။ ဒါကြောင့် sunscreen lotion တွေ၊ day သို့မဟုတ် night  Moisturizer ခရင်မ်တွေ လိမ်းတဲ့အခါ လည်ပင်းကိုလည်းလိမ်းဖို့ မမေ့ပါနဲ့။

(၅) ဖောင်ဒေးရှင်းရွေးချယ်ခြင်းနှင့်လိမ်းခြယ်ခြင်း
  နောက်တစ်ချက်က မိတ်ကပ်လိမ်းခြယ်ဖို့ ဖောင်ဒေးရှင်းအရောင်ရွေးချယ်တဲ့အခါ မှားယွင်းခဲ့ရင် ကိုယ့်မျက်နှာပြင်မှာရှိတဲ့ အပြစ်အနာအဆာတွေကို မဖုံးနိုင်တဲ့အပြင် ဖောင်ဒေးရှင်းအရောင်ကြောင့် မျက်နှာအသားအရောင်ကတခြား၊ ဖောင်ဒေးရှင်းအရောင် ကတခြားဖြစ်နေလို့ကြည့်ရတာ ဆိုးစေပါတယ်။ ကိုယ့်အသားရောင်နဲ့ကိုက်ညီတဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်နိုင်ဖို့ဆိုရင် သ ဘာဝအလင်းရောင်ထဲမှာ ဖောင်ဒေးရှင်းကို လက်ကောက်ဝတ်၊ သို့မဟုတ် မေးရိုးမှာ စမ်းလိမ်းကြည့်ပြီးမှ ရွေးပါ။ လိမ်းခြယ် တဲ့အခါ အကောင်းဆုံးဖြစ်အောင်လို့ မျက်နှာကိုအသေချာသန့်စင်အောင်ပြုလုပ်ပြီူး  moisturizer ခံလိမ်းသင့်ပါတယ်။ Moisturizer လိမ်းပြီးသွားတဲ့အခါ အသားထဲစိမ့်ဝင်သွားတဲ့အထိ ခဏစောင့်နေပြီးမှ ဖောင်ဒေးရှင်း လိမ်းတာအကောင်းဆုံးပါ ပဲ။

(၆) ရေမွှေးလေးဆွတ်ဖြန်းနည်း
   ရေမွှေးလေးဆွတ်ဖြန်းထားတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိပြီး၊ မွှေးရနံ့လေး သင့်ပျံ့နေလို့ စိတ်ကိုကြည်လင်လန်း ဆန်းစေနိုင်ပါတယ်။ ဒါပေမယ့် ရေမွှေးကိုအ၀တ်အစားပေါ်ဆွတ်ဖြန်း မိရင် တချို့ရေမွှေးတွေက အစွန်းအထင်း ဖြစ်ကျန် တတ်ပါတယ်။ ရေမွှေးကို အ၀တ်အစား မ၀တ်ခင်လည်ပင်း၊ လက်ကောက်ဝတ်၊ နားရွက်နောက်၊ ဒူးခေါင်းနောက်ဘက်တို့လို နေရာတွေကိုဆွတ်ဖြန်းပါ။ ဒါဆိုရေမွှေးရနံ့လည်း ကြာရှည်ခံပါတယ်။ ရေမွှေးကို လက်ကောက်ဝတ်မှာဆွတ်တဲ့အခါ လက် ကောက်ဝတ်အချင်းချင်းကို ပွတ်မပစ်ပါနဲ့ ။ ဒီလိုပွတ်လိုက်တာဟာ ရနံ့မော်လီကျူးတွေကို ပျက်စီးစေနိုင်လို့ ရနံ့ပြောင်းသွား တတ်ပါတယ်။ ဒါတွေကို သိထားပြီဆိုရင်တော့ မှန်ကန်တဲ့နည်းလမ်းတွေကို ကျင့်သုံးနိုင်မှာပါ။
(forward mail တခုကနေရတာပါ)

No comments:

Post a Comment