Pages

Wednesday 21 September 2011

အန္တရာယ်ပေးနိုင်သောအစားအစာများ


သူငယ်ချင်းများအတွက် အန္တရာယ်ပေးနိုင်တဲ့ အစားအစာတွေကိုဖေါ်ပြပေးလိုက်ပါတယ်။ခက်တာကဒီအစားအစာ
တွေကို ကိုယ်ကိုတိုင်ကလည်းကြိုက်နေတာပါဘဲ။ ဒါပေမဲ့ အသက်ရှည်ရာအနာမဲ့ကြောင်းအတွက် ဒီဆောင်းပါလေးကိုဖတ်ပြီးနောက်ပိုင်း
တတ်နိုင်သမျှ ဆင်ချင်ပြီး စားသုံးဖို့ စဉ်းစားမိလာပါတယ်။ဒါကြောင့်လည်းသူငယ်ချင်းတွေအနေနဲ့  ကျန်းမာရေးဗဟုသုတရလိုသောငှာ
စေတနာနဲ့ ဒီဆောင်းပါးလေးကို Good Health ဂျာနယ်မှ ကူးယူဖေါ်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
အာဟာရတန်ဖိုးမရှိဘဲ အလွယ်တကူ ပြင်ဆင်ပြီး ရောင်းချတဲ့ အစားအစာတွေကို Junk Food လို့ ခေါ်ပါတယ်။ ဒီနေ့ခေတ်မှာ Junk Food တွေဟာ အလွန်ကိုပေါများပြီး အလွယ်တူရနိုင်တဲ့ အတွက် မကြာခဏ ဆိုသလို စားမိတတ်ကြပါတယ်။ Junk Food တွေဟာ အရသာလည်းရှိပြီး အပြင်အဆင် ထုပ်ပိုးပုံတွေနဲ့ ရောင်းချတဲ့ ဆိုင်တွေ ကလည်း လှပခေတ်မီတဲ့ အတွက် ဒီနေ့ခေတ် လူငယ်တွေအကြားမှာ Junk Food တွေ စားသုံးတာ၊ Junk Food ရောင်းတဲ့ ဆိုင်တွေမှာ ထိုင်တာမျိုးတွေဟာ ဒီနေ့ခေတ်ရဲ့ စတိုင်လ် တစ်ခုလိုတောင် ဖြစ်နေပါတယ်။
     အချိုရည်၊ ဒိုးနပ်မုန့်၊ ကိတ်မုန့်၊ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ၊ ဘီစကွတ်၊ အာလူးကြော်၊ ရေခဲမုန့်၊ ရေခဲချောင်းစတဲ့ အမြန်စာတွေဟာ Junk Food တွေ ဖြစ်ပါတယ်။ ဒီမုန့်ပဲ သရေစာတွေဟာ အာဟာရတန်ဖိုး မရှိရုံသာမက အမြဲစားနေရင် ရေရှည်မှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ Junk Food တွေမှာ အဆီ၊ ဆားနဲ့ သကြားတွေ အများအပြား ပါဝင်တဲ့ အတွက်ကြောင့် အရသာရှိနေတာဖြစ်ပြီး သင့်ကျန်းမာရေး အတွက်တော့ အန္တရာယ်ပေးနိုင်တဲ့ အရာတွေပါ။
အဆီဓာတ်ပါဝင်မှု များလွန်းခြင်း      ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အာလူးကြော်နဲ့ ငါးမုန့်ကြော်လိုမျိုး Junk Food တွေမှာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်ပါတယ်။ သင်စားတဲ့ အစားအစာတွေထဲမှာ ပြည့်ဝဆီတွေ ပါဝင်မှုများလွန်းရင် ကျန်းမာရေးထိခိုက်စေပြီး ကိုယ်အလေးချိန်တိုးကာ တဖြည်းဖြည်းဝလာနိုင်ပါတယ်။ အဝလွန်ခြင်းကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး တခြားရောဂါ အများအပြားကိုလည်းဖြစ်စေ နိုင်ပါတယ်။ အဝလွန်နေတဲ့သူတွေကို လေ့လာကြည့်တဲ့အခါ Junk Food တွေကို စွဲစွဲလမ်းလမ်း စားသောက်တတ်သူတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။
ဆားပါဝင်မှု များလွန်းခြင်း
     Junk Food တွေမှာ ဆားအများအပြား ပါဝင်တတ်ပါတယ်။ ပေါင်မုန့်၊ ကွေကာ၊ ဘီစကွတ်နဲ့ ကိတ်မုန့်တွေမှာ ဆားအများအပြား ပါဝင်ပြီးသားပါ။ ဒါကြောင့် Junk Food တွေ စားရင် လိုအပ်တာထက်ပိုပြီး ဆားအများအပြား စားမိနေပါတယ်။ ဆားများများစားရင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
သကြားပါဝင်မှု များလွန်းခြင်း
     အချိုရည်၊ ဘီစကွတ်၊ ကိတ်မုန့်၊ ရေခဲချောင်းနဲ့ ရေခဲမုန့်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါကြောင့် အရသာ ရှိနေတာပါ။ ဒါပေမယ့် သကြားအများကြီးစားရင် အဝလွန်ခြင်း၊ သွားပိုးစားခြင်းနဲ့ တခြားရောဂါ အများအပြားကို ဖြစ်စေနိုင်ပါတယ်။
ဗီတာမင်နှင့် သတ္ထုဓာတ်များ မပါဝင်ခြင်း
     Junk Food တွေမှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားတဲ့ အစာတွေနဲ့ အစိမ်းစားရတဲ့ အစာတွေမှာပါတဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်လိုမျိုး အာဟာရဓာတ်တွေ မပါဝင်ပါဘူး။ ခန္ဓာကိုယ်ဟာ ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုးတွေကို ခုခံတိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လိုအပ်ပါတယ်။ Junk Food တွေကိုပဲ အမြဲစားနေပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစာတွေကို မစားဖြစ်သူတွေဟာ မကြာခဏ နာမကျန်းဖြစ်တတ်ပါတယ်။
တာရှည်ခံထိန်းဆေးနှင့် ဆိုးဆေးများ ပါဝင်ခြင်း
     ပါကင်လှလှနဲ့ ထုပ်ပိုးထားတဲ့ Junk Food တွေမှာ တာရှည်ခံထိန်းဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ ပါဝင်ပါတယ်။ ဒါတွေက ရေရှည်မှာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ် ရှိပါတယ်။
အိုမင်းစေခြင်း
     Junk Food တွေဟာ အိုမင်းတဲ့ဖြစ်စဉ်ကို မြန်စေနိုင်ပါတယ်။ Junk Food တွေကိုပဲ အမြဲစားနေရင် အာဟာရလုံလောက်အောင် မရရှိတော့ဘဲ ခန္ဓာကိုယ်ကို အိုမင်းပြီးရောဂါတွေ ဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်း (Free Radicals) တွေ ပိုထွက်စေတာကြောင့်ပါ။ Junk Food တွေကို အများအားဖြင့် ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက အများဆုံး စားတတ်ကြပါတယ်။ Junk Food တွေကို တစ်ခါတရံစားတာက ပြဿနာမရှိပေမယ့် အမြဲမစားသင့်တဲ့အကြောင်း အကြံပြုဖော်ပြလိုက် ရပါတယ်။
     ကဲ သူငယ်ချင်းတို့ ရေ ဘာအကောင်းဆုံးလည်းလို့ တော့ ကိုယ့်ကိုကိုယ်ဘဲ ပြန်မေးကြည့်ကြပါလို့ ....
     သူငယ်ချင်းများ ကျန်းမာသုတပြည့်ဝစွာဖြင့် စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းဖြင့်ပြည့်ဝနိုင်ကြပါစေလို့ ဆုတောင်း
လျှက်.......
     စေတနာများစွာဖြင်.........
(forward mail) မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment