ဝက်ခြံရဲ့ ရန်သူနဲ့ မိတ်ဆွေ အစားအစာများ

အစားအစာနဲ့ဝက်ခြံဟာ ဆက်နွယ်မှုရှိတယ်တဲ့.. တစ်ချို့ကလည်း မရှိဘူးလို့ပြော ကြပြန်တယ်။ သင်ရော.. ဘယ်လိုထင်လဲ ?? တကယ်တော့ ၂ ခုလုံးမှန်ပါတယ်။ အဓိကကတော့ သင့်ခန္ဓာကိုယ်နဲ့ အရေပြားက အစားအစာတွေပေါ်ကို တုံ့ပြန်မှုအပေါ်မှာသာ မူတည်တာပါ။ ၀က်ခြံမထွက်တတ်တဲ့ အရေပြားတွေကိုတော့ ဘယ်အစားအသောက်ကမှ ၀က်ခြံထွက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၀က်ခြံရှိ တဲ့သူတွေအတွက်တော့ အစားအစာအချို့ကြောင့် ၀က်ခြံပြသနာ ပိုမိုဆိုးရွှားလာတတ်ပါတယ်။
ဝက်ခြံရှိတဲ့အသားအရေကို အလွန်ဂရုစိုက်ရပါတယ်။ ဒါပေမယ့် အသားအရေ ထိန်းသိမ်း တဲ့ ပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေ ကိုသေချာစွာ သုံးစွဲသည့်တိုင် မဆင်မခြင် စားသောက်နေမယ် ဆိုရင်တော့ ၀က်ခြံပြဿနာကို ဆက်ပြီးရင်ဆိုင် ကြုံတွေ့နေ ကြရမှာပဲနော်။ အဲဒီ့အပြင် ပိုးသတ်ဆေးတွေ ဟာဘေးထွက် ဆိုးကျိုးတွေ ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် ၀က်ခြံတွေ ထွက်လာပြီဆိုရင် အစားအသောက်ကို အရင်ထိန်းသိမ်း သင့်ပါတယ်။ ၀က်ခြံကြောင့် စိတ်ညစ်နေရတဲ့အထဲ အစားတွေရှောင်ပြီး ထပ်စိတ်ညစ်ရတော့ မှာပဲလို့တွေးပူမနေပါနဲ့။ စိတ်ညစ်ရင်လည်း ၀က်ခြံတွေက ပိုဆိုးလာမှာလေ။ ဘာပဲဖြစ်ဖြစ် ကိုယ်လှဖို့အတွက်ပဲနော်။ ကိုယ့်အလှကို ဖျက်မယ်ဆိုရင်တော့ ရန်သူပဲ..။ >_/strong>

ဝက်ခြံရှိသူတွေအတွက် ရန်သူအစားအစာများ
- ပဲအမျိုးမျိုး
- ချောကလက်
- ကိုလာနဲ့ Dark drink --> အရောင်ဖျော့တဲ့ soda ကိုတော့သောက်သုံးနိုင်ပါတယ်။
- အစပ် --> အထူးသဖြင့် ဆိုင်တွေမှာရောင်းတဲ့ Sauces တွေပါ။ အိမ်မှာလုပ်တဲ့ ငရုတ်သီး Sauces တွေနဲ့ ငရုတ်ကောင်းတွေကတော့ အရမ်းမဆိုးပါဘူး။
- အငန် --> အာလူးကြော်တို့လို အသင့်စားရယ်ဒီမိတ်စားစရာတွေပါ။ ချက်ပြုတ်စားရာမှာတော့ ဆားကို ထည့်သုံးနိုင်ပါတယ်။
- ပီဇာ
- နို့နဲ့နို့ထွက် ပစ္စည်းများ
- အချိုတွေနဲ့ ဆီကြော်တွေကိုလည်း တတ်နိုင်သလောက် ရှောင်ပါ။
ရန်သူတွေကလဲများလိုက်တော့ စားစရာတောင် မရှိတော့ဘူးလို့ တွေးမနေပါနဲ့အုံး။
သင့်ကို ကူညီပေးမယ့် မိတ်ဆွေလေးတွေလည်းရှိပါသေးတယ်။
သင့်ကို ကူညီပေးမယ့် မိတ်ဆွေလေးတွေလည်းရှိပါသေးတယ်။

ဝက်ခြံရှိသူတွေအတွက် မိတ်ဆွေစားစရာများ
- အသား
- ငါး
- သစ်သီးများ
- ဟင်းသီးဟင်းရွက်များ
- နှံစားသီးနှံများ
- ကော်ဖီ ၊ လက်ဖက်ရည်
- ပေါင်မုန့်
အထက်ပါ ဖော်ပြထားတဲ့အတိုင်း ရှောင်သင့်တာကိုရှောင်ပြီး စားသင့်တာကိုတွေကိုပဲစားမယ်ဆို
No comments:
Post a Comment