Pages

Wednesday 21 September 2011

ဟာသအတိုအထွာများ

 အသေချာဆုံး
ဘတ်စ်ကားမှတ်တိုင်တွင် အဘွားအိုက လူတစ်ယောက်ကိုမေးသည်။``သင်္ချိုင်းကို ဘယ်ကားစီးရင်...ရောက်မလဲဟင်။´´``ဘရိတ်ပေါက်နေတဲ့ကား..စီးသွား။´´
အချင်းချင်းတွေပါလား
ဒုတိယကမ္ဘာစစ်အတွင်းကဖြစ်သည်။ ကတုတ်ကျင်းတွင် ဆိုဗီယက်စစ်သားများရှိနေကြသည်။၎င်းတို့ဘက်သို့ ဂျာမန်တင့်ကားချဉ်းကပ်လာသည်။ ဆိုဗီယက်စစ်သားများမောင်းပြန်သေနတ်တွေနှင့်ပစ်သည်။မထိ လက်ပစ်ဗုံးပါကုန်သွားသည်။တင့်ကားသည် လက်တစ်ကမ်းအကွာသို့ရောက်လာသည်။ဤတွင် တစ်ချိန်လုံး မပစ်ဘဲနေသောတပ်သားမိန်းမလျာကို ၀ိုင်းအော် ကြသည်။``ဟေ့ကောင်..ဘာငေးနေတာလဲ တို့ကို ဒင်းတက်မကြိတ်ခင်မင်းဆီကလက်ပစ်ဗုံးနဲ့ပစ်လိုက်။´´``ဟင့်အင်းဟင့်အင်း ကောင်လေးတွေ သနားပါတယ်။´´``ဟေ့ကောင် ပစ်လို့ပြောနေတာမကြားဖူးလား၊မဟုတ်ရင် ဗုံးအစား မင်းကိုငါတို့ပစ်လိုက်မယ်နားလည်လား။´´ ``ဟင့်အင်း ဟင့်အင်းတင့်ကားထဲမှာကောင်လေးတွေရှိနေတယ်လေ..သနားစရာကြီး။´´ကတုတ်ကျင်းရှေ့တည့်တည့်သို့တင့်ကားရောက်လာသည်။တင့်ကား၏အပေါ်ဖုံးပွင့်သွားပြီးခေါင်းတစ်လုံးပြူထွက် လာသည်။ဂျာမန်စစ်သားလှမ်းပြောသည်။ ``ကောင်လေးတွေ...နည်းနည်းဖယ်ပေးကြနော်..နို့မဟုတ်ရင် တက်နင်းမိလိမ့်မယ်ကွဲ့။´´
 တတိယအကြိမ်
ဆရာဝန်ဆီ ပထမအကြိမ် ကိုဘမောင်ရောက်တုန်းက လည်ချောင်းနာသည်ဟု ပြောလိုက်ရာဆရာဝန်က အာသီးကို ဖြတ်ပေးလိုက်သည်။ ဒုတိယအကြိမ်ရောက်တော့ဗိုက်နာသည်ဟုပြောလိုက်ရာဆရာဝန်က အူအတက်ကို ချက်ချင်း ဖြတ်ပေးလိုက်သည်။ တတိယအကြိမ်ရောက်၍ ဆရာဝန်က ဘာဖြစ်တာလဲဟု မေးသောအခါ ကိုဘမောင် မဖြေချေ။ ဤအခေါက်တွင် ၎င်းခေါင်းကိုက်နေ၍ဖြစ်လေသည်။
အသင့်ပြင်ထား
လူနာကို ခွဲစိတ်ခန်းထဲသို့ ခေါ်လာသည်။ မကြာမီ ရေချိန်ကိုက်နေသော မေ့ဆေးဆရာဝန်ဝင်လာပြီးပြောသည်။``ကိုင်း.ခင်ဗျားကို ကျွန်တော်တို့ ခွဲစိတ်ဖို့ ပြင်ဆင်တော့မယ်။´´လူနာကြောက်လန့်တကြားပြောသည်။``ဖြစ်ပါ့ မလားဆရာ..ဆရာမူးနေတာပဲ။´´ ``ကျွန်တော်လား မူးနေတာ...မမူးပါဘူး၊ဟော ခဏနေလာမယ့်ခွဲစိတ်ဆရာသာ မူးနေတာ၊မယုံရင် စောင့်ကြည့်။´´
မမေ့နဲ့နော်
ဆရာဝန်က လူနာကိုမှာသည်။``ကျွန်တော်ပေးလိုက်တဲ့ဆေးကြောင့် ခင်ဗျားခံစားနေရတဲ့ ဝေဒနာသက်သာသွားရင်ကျွန်တော့်ကိုချက်ချင်း အကြောင်းကြားနော် ကျွန်တော်လည်း အလားတူ ဝေဒနာခံစားနေရတယ်ဗျ။´´
စာနာစိတ်
စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ် သည်။ လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင်ကြပ်ကြပ်တည်းတည်းအိပ်နေကြသည်။ ၎င်းတို့အထဲကတစ်ယောက်သည် မလှည့်သာ မလှုပ်သာ သဖြင့်အိပ်မပျော်နိုင်။ကြာသော် သည်းမခံနိုင်တော့သဖြင့် ခေါင်းအုံးကိုဆွဲကာ ကြမ်းပေါ်ဆင်းအိပ်သည်။အိပ်ပျော်နေသော လူနာတစ်ယောက် မျက်လုံးပွင့်လာပြီး မိမိဘေးတွင်နေရာလွတ်သွားသည်ကိုတွေ့သည်။သို့နှင့် ကြမ်းပေါ်က လူနာကို လှမ်းပြောသည်။``ဟေ့...နေရာချောင်သွားပြီ၊လာ..
တက်အိပ်လှည့်။´


No comments:

Post a Comment