မိဘပေးထားတဲ့ ခန္ဓာကိုယ်အတိုင်း မနှစ်သိမ့်နိုင်ကြသူတွေ ၊ရတာမလို ၊ လိုတာမရ ကြသူတွေ ထဲ ၊ အထူးသဖြင့် ရင်သားကြီးချင်သူ မိန်းမသားများဟာ ရင်သားအလှ ခွဲစိတ်ပြုပြင် ခုခံကြပါတယ် ။(ခုခံတယ် ဆိုတာ ရင်သားကြီးအောင် Silicone gel တို့  ၊ အငန်ရည်(saline liquid) တို့ ဖြည့်သွင်းထားတဲ့ ရင်သားပုံသဏ္ဍန် အိတ်ပျော့ပျော့ကို ရင်သား နေရာမှာ ခုပြီး ခံပြီး ခွဲစိတ် ခြင်း (augmentation mammoplasty ) ပေါ့ ။ အမြင်အရ ပိုလှလာတယ် ထင်ရပေမဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ လည်းရှိတတ်ပါတယ် ၊ အဲ့ဒီ အိတ်က အကြောင်းအမျိုးမျိုးကြောင့် ပေါက်ပြဲ သွားနိုင်တယ်။အဲ့ဒီလိုပေါက်ပြဲ
Augmentation mammoplasty ကို လုပ်ရခြင်းအကြောင်းတချို့က ရင်သားကင်ဆာကြောင့် ရင်သားတခုလုံး ခွဲစိတ်ဖြတ်တောက်လိုက်ရသူ မိန်းမသားများအတွက် အလှအပ အနေနဲ့ ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ဖြည့်ဆည်းပေးလိုတဲ့  အနေနဲ့ အစားထိုး ကုသပေးခြင်း တမျိုးလည်း ဖြစ်ပါတယ်။
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ၊ဒီလို ခွဲစိပ်ထားသူများ အကယ်၍ ကလေးမွေးလို့  မိခင်နို့ ချို တိုက်ကျွေးမယ်ဆိုရင် နို့ထွက်စေတဲ့ ဂလင်း အကြိတ် တစ်သျှူးတွေကို ဒီရင်သားအတုက ဖိထားတဲ့ အတွက် နို့ သိပ်မထွက်နိုင်တဲ့ အခက်အခဲမျိုးတွေလည်း ရှိတတ်ပါတယ် ။
လှချင်ရက် စက်စက်ယို ၊ ပေါ့စေချင်လို့ ကြောင်ရုပ်ထိုး ဆေးအတွက် နဲ့ လေး ဆိုသလို ပြုပြင်ရင်းနဲ့  အခန့် မသင့်ဖြစ်သွားတဲ့ အခါများမတော့ ပြောကြတာက " ပြင်လွန်းတော့ဖင်ချွန်းသတဲ့ "။ ဘယ်လို ချွန်းသလည်းဆိုတာ သိလိုရင် ဆက်လက်ပြီး ရှုစားတော်မူကြပါ။











ဒီတော့ ဒီတော့ အလှပိုလိုသူ ပျိုပျို အိုအို၊ ကျားကျား မမ များ အတွက် ၊ ခေတ်စားနေတဲ့  ပလပ်စတစ် ဆာဂျရီ ဆိုတာ ကြီး ကို မလုပ်မှီ ၊ တော်၏ မတော်၏ စဉ်းစား ဆင်ခြင်တော် မူနိုင်ကြပါရန် ဝေမျှလိုက်ပါတယ် ။
No comments:
Post a Comment