ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို အိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို ကျွန်မငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ အဖြစ်ပြောင်းလဲနေပါပြီ။
ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်
နောက်ဆုံးတစ်နေ့ မှာတော့ ကျွန်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ့ ကိုပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။
"လမ်းခွဲမယ် ဟုတ်လား...ဘာလို့ လဲ " သူ ထိတ်လန့် တကြားတော့မေးရှာပါတယ်။
"ကျွန်မ အရမ်းပင်ပန်းနေပြီ... ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့ အဖြစ်အပျက်တိုင်းမှာ ဘာအကြောင်းပြချက်မှ မရှိပါဘူး..."
ဒီလောက်နဲ့ ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။
အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ့ ကိုကျွန်မစိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကို ထုတ်ဖော်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်စီက ကျွန်မ ဘာများထပ်ပြီးမျှော်လင့်နေရဦး
နောက်ဆုံးတော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။ "ငါဘယ်လိုလုပ်ပေးရင် မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ" တဲ့။
လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုးထုံးစံပဲမဟုတ်လား...။ သူ့ အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်တွေလည်း ပျောက်ဆုံးကုန်ပါပြီ။
သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ကျွန်မဖြေလိုက်တယ်။ "ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီးလှုပ်ခတ်နိုင်ရင် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်...
"တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မလိုချင်တယ်... အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း ကျွန်မတို့ နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့... ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက် ခူးပေးနိုင်မလား" ။
သူပြန်ဖြေတာကတော့ ...."မနက်ဖြန်ကျရင် မင်းကို ငါအဖြေပေးမယ်" ဆိုတာပဲ။ သူ့ စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့မျှော်လင့်ချက်တွေ စုန်းစုန်းမြုပ်သွားတယ်။
မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာ နွားနို့ ခွက်နဲ့ ဖိထားတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကိုပဲ ကျွန်မတွေ့ ရတယ်။
စာထဲမှာရေးထားတာကတော့..... "အချစ်ရယ်... ငါမင်းအတွက် အဲဒီပန်းပွင့်လေးကို မခူးပေးနိုင်ပါဘူး။ ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိ
ပထမ စာတစ်ကြောင်းနဲ့ တင် ကျွန်မနှလုံးသားတွေ ကွဲကြေကုန်ပါပြီ။ စာကိုဆက်ဖတ်လိုက်ပါတယ်။
" မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေအားလုံး ကမောက်ကမနဲ့ ရှုပ်ထွေးကုန်တယ်လေ...အဲဒီနောက် မင်း ကွန်ပျူတာဖန်သားပြင်ရှေ့ မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ ပြန်ဖြစ်အောင် မင်းကိုကူဖို့ အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်
"မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။ အဲဒီအခါကျရင် မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း ငါ့ ခြေထာက်တွေရှိနေရဦးမယ်။"
"မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို့ အသစ်တစ်ခုကို ရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့တာပဲ။ မင်းကို လမ်းရှာပေးဖို့ ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ"
"မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း မင်းရဲ့ ကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ နာနေတာကို ဖြေပေးဖို့ ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်"
"မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်မတိုင်ခင် အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရအောင်လို့ ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ ငါ့ပါးစပ်ကလေးလည်း ရှိနေရဦးမယ်"
"ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက် လုံးဝမကောင်းနိုင်ပေမယ့် မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ ငါတို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းလေးတွေ ညှပ်ပေးဖို့ ...မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို့ ငါ့မျက်လုံးလေးတွေရှိနေရမယ်မဟု
"ဒါကြောင့်ပါကွာ...မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ ရှိမယ်လို့ မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး ငါမသေပါရစေနဲ့ ဦး။"
ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။ သူ့ လက်ရေး နဲ့ မင်လေးတွေ့ စာရွက်ပေါ် ပြန့် သွားတဲ့အထိပါပဲ။ စာကို ကျွန်မ ဆက်ဖတ်ပါသေးတယ်။
"ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။ ငါ့အဖြေကို မင်းကျေနပ်တယ်ဆိုရင်... မင်းအတွက် လတ်လတ်ဆတ်ဆတ် နွားနို့ နဲ့ ပေါင်မုန့် တွေဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို တံခါးလာဖွင့်လှည့်ကွာ.."
ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ့ ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့ မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲမှာလည်း နို့ ပုလင်းတွေ၊ ပေါင်မုန့် တွေ တစ်ပွေ့ တပိုက်နဲ့ ပေါ့။ အခုတော့ သေချာသွားပါပြီ။ သူ့ လောက် ကျွန်မအပေါ် ဘယ်သူမှ မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က ပန်းပွင့်လေးကိုလည်း သူ့ ဘာသာ တစ်ပွင့်တည်းရှိပါစေတော့.... ဒါဟာ ဘဝပါပဲ..အချစ်ဆိုတာလဲ ဒါပါပဲ။
ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေ မှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ မှေးမှိန်ပျောက်ကွယ်မှုတွေ ရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို့ ကြိုးစားတော့တာပါပဲ။
အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ အလွန်သေးငယ်ပြီးတဲ့ပုံစံ နဲ့ လည်းဖြစ်နိုင်တယ်.... သူ့ မှာစံပုံစံဆိုတာမရှိပါဘူး။ အမှေးမှိန်ဆုံးပုံစံလေးလဲ ဖြစ်နိုင်တယ်..ငြီးငွေ့ ဖွယ်ပုံစံနဲ့ ရောပေါ့။
ပန်းပွင့်တွေ...စိတ်လှုပ်ရှားစရာ
ဖြည့်စွက်ချက်။ ။ အချစ်မှာအနီးဝေး၊ ပေါင်းဖက်မှု မပေါင်းဖက်မှု၊ သာယာမှု လိုက်လျောမှု၊ အဲ့ဒါတွေက အဓိကမကျပါဘူး........ အဓိက က တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်ခံစား သိမြင်နိုင်ဖို့နဲ့ အရေးကြုံရင် အနားမှာရှိဖို့က အရေးကြီးပါတယ်.........
*မူရင်းက ဒီနေရာကပါ http://funlok.com/index.php/story/love-life.html
်
* ဘာသာပြန် ပညာအားနည်းနေသေးလို့ နားလည်ပေးကြပါရန်။
*မူရင်းက ဒီနေရာကပါ http://funlok.com/index.php/
်
* ဘာသာပြန် ပညာအားနည်းနေသေးလို့ နားလည်ပေးကြပါရန်။
No comments:
Post a Comment