Pages
Wednesday 21 September 2011
ချစ်သူငယ်ချင်းများသို့ ...................
ပျော်ရွှင်ဖွယ်အတိတ်ကာလများဆီ……………….
                    အတိတ်ကာလဆိုတာ လူတိုင်းမှာရှိခဲ့ ဖူးတဲ့ အရာလေးပါ။ ကောင်းသောအတိတ်နဲ့ အတူ ဆိုးသောအတိတ်တွေလည်းရှိခဲ့ ကြတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းငယ်ဘ၀လေးကိုတော့ နှစ်သက်ကြမှာပါ………
                   ငယ်ဘ၀ဆိုတာကိုတွေးမိရင် ကျောင်းတက်ခဲ့ တဲ့ အချိန်လေးတွေကိုအရမ်းသတိရတယ်။
ငယ်ငယ်ကကျောင်းခန်းထဲမှာဆိုးဖော်ဆိုးဖက် ကဲဖော်ကဲဖက်သူငယ်ချင်းလေးတွေနဲ့ ဗရုတ်ကျခဲ့ တာတွေကို တွေးမိရင် တယောက်တည်း ပြုံးမိတယ် အဲ့ လိုအချိန်တွေကိုပြန်ရဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။
                  ကျွန်မမှာသူငယ်ချင်းလေးတွေအများကြီး ရှိခဲ့ ဖူးတယ် အားလုံးကိုလည်းခုထိ ချစ်နေအမှတ်ရနေဆဲပါပဲ။ ငယ်ဘ၀တုန်း ကတော့ သူငယ်ချင်းတွေ PT ချိန်ဆိုရန်ဖြစ်လိုက် နောက်နေ့ ပြန်တည့်သွားလိုက်နဲ့ သံသရာလည်ခဲ့ တာပေါ့ စာသင်ချိန်ဆို စကားခိုးပြောရတာကလည်း အမော။ မော်နီတာသူငယ်ချင်းကြီးကိုလည်း စိတ်ညစ်အောင်လုပ် သူနာမည်မှတ်တာကိုကိုယ်က ငြိမ်ကလည်းမနေနိုင်နဲ့ လေ။ သူက နင်တို့ တွေငြိမ်နေကြပါဟာ လို့ ပြောလေ ကိုယ်က ပို ပြောချင်လေ
တကယ်ကိုလည်း ထူးဆန်းပါတယ် တနေကုန်လည်း တွေ့ တယ် ညဘက်လည်းဖုန်းကပြောလိုက်သေးတယ် ဒါတောင် သူနာမည်မှတ်တဲ့ အချိန်ကလေးကို ငြိမ်ငြိမ်မနေနိုင်ဘူး။ အတန်းတွေကြီးလာတော့ တခြားအခန်းကကောင်လေးတွေချောတာလေးဆို လိုက်ပြီးကြောင်လိုက်ရမှ ဘာရယ်တော့မဟုတ်ဘူး နောက်ပြောင်ကြတာပေါ့လေ။
                    ချစ်ရတဲ့ သူငယ်ချင်းလေးတယောက်ရှိတယ်။ သိပ်ချစ်ဖို့ ကောင်းပီးသိပ်ချောတဲ့ သူငယ်ချင်းလေးပေါ့ မုန့်စားဆင်းချိန်လည်း မုန့် ဈေးတန်းကိုသွားချင်တယ် ထမင်းစားချိန်လည်း မု န့်ဈေးတန်းကိုသွားချင်တယ် ထမင်းစားတော့လည်း ကြာတယ် အိမ်သာမသွားရရင်လည်း မနေနိုင်ဘူး :D     တခါအတန်းထဲမှာဆရာ က ရယ်စရာပြောလိုက်တာ ကိုယ်ကလည်း မကြားလိုက်မိဘူးလေ သူကနေ ဟဲ့ ရယ်ရယ် လို့ ပြောတော့ရယ်လိုက်ရတာ နောက်သူ့ ကိုပြန်မေးမိတာပေါ့ နင်ဘာကိုရယ်တာလည်းဆိုတော့ မသိဘူးတဲ့ သူများရယ်လို့ လိုက်ရယ်တာတဲ့ ……………….တကယ့်ညီအမတယောက်လိုလည်းချစ်ခဲ့ ရတဲ့ သူငယ်ချင်းပါ သူများတွေထက်ပိုအနေအေးတ့ဲသူငယ်ချင်းလေးပေါ့
                         နောက်သူငယ်ချင်းလေးတယောက်ကလည်း တော်တော့်ကိုအနေအေးပါတယ် စကားလည်းသိပ်မပြောဘူး သူထပြောလိုက်ပီဆိုရင်လည်း အူမတတ်ရယ်ရပါတယ် သူနဲ့ အမှတ်တရအဖြစ်အပျက်လေးတွေကတော့ သူငယ်ချင်းတွေစုပီး ဈေးဝယ်ရင် သူ က သေချာစိစစ်ပီးရွေးတတ်တာပါ။ သိပ်လည်းမကြောက်တတ်ပါဘူး 
အဲ့ သူငယ်ချင်းလေးကလည်း အမြဲတမ်း ကျွန်မနဲ့ သူငယ်ချင်းတွေကိုထိရင်ချက်ကျလက်ကျ ပြန်ပြောပေးတတ်တဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူတယောက်ပါ :O
                     ၇တန်းတုန်းက အတူတူထိုင်ခဲ့ တဲ့ သူငယ်ချင်းလေးတယောက်လည်း ရှိပါတယ် သူနဲ့ ဆိုလည်းကျောင်းပီးခါစ ကမတွေ့ ဖြစ်ပေမဲ့ ခုတော့ နေ့တိုင်းအွန်လိုင်းမှာစကားပြောဖြစ်ပါတယ် ……..
သူဆိုလည်းစိတ်တိုရင် အရမ်းကို ရယ်ရပါတယ် သူ့ ကိုစိတ်တိုအောင်သာဆွပေးလို့ ကတော့ တောက်လျှောက် ကို ရန်တွေ့ နိုင်တဲ့ သူငယ်ချင်းလေးပါ ရယ်စရာရှိရင်လည်း မနားတမ်းရယ်တဲ့ သူငယ်ချင်းလေးပါ.့ ခုချိန်ပြန်တွေးတိုင်းလွမ်းမိနေဆဲပါ. ကျွန်မတို့ သူငယ်ချင်းတွေထဲ မှာ ပထမဆုံးစွံသွားတဲ့ ချစ်သူငယ်ချင်းလေးတယောက်ပေါ့ ………………………. :p
                     ပထမဆုံးပြောခဲ့ တဲ့ အတန်းခေါင်းဆောင်ဆိုလည်းခုချိန်ထိ သူ့ ကို သူငယ်ချင်းတွေက ၀ိုင်းပြောကြနောက်ကြနဲ့ ပါ သူ့ နာမည်ကြားလိုက်တာနဲ့ ငယ်ငယ်က သူ အတန်းကိုထိန်းခဲ့ ပုံတွေကိုတွေးမြင်ပီး ရယ်မောမိစမြဲ ပါ……..
ခုနေသူငယ်ချင်းတွေအကြောင်းပြန်တွေးရင် တွေးစရာပြောစရာတွေကအများကြီးပါ
ရယ်မောခဲ့ ရတဲ့ အချိန်လေးတွေလည်း ရှိသလို တခါတလေစိတ်ကောက်ခဲ့ ရတာတွေလည်းရှိပါတယ်
အတန်းထဲမှာ တခြားသူငယ်ချင်းအုပ်စုလေးတွေလည်းရှိပါတယ် တယောက်နဲ့ တယောက်စလိုက်နောက်လိုက်နဲ့ ပေါ့ တချို့ သူငယ်ချင်းတွေနဲ့ ဆို အမြဲ တမ်းစကားမပြောဖြစ်ပေမဲ့ တွေ့ ချိန်တိုင်းမှာ ချစ် ရေ သဲရေ နဲ့ တွေ့ ရင်စကားတွေကပြောမကုန်နိုင်အောင်ရှိနေကြတာ ဆေးကျောင်းကိုရောက်သွားတဲ့ သူငယ်ချင်းလေးတွေလည်း အများကြီးပါ
                         နောက်သူငယ်ချင်းတယောက်ဆို ငယ်ငယ်တည်းက ခင်လာတာပါ သူနဲ့ အမှတ်ရစရာလေးကတော့ ၁တန်းတုန်းက သူက ကျောင်းပြောင်းလာတာလေ သူ နဲ့ တူတူထိုင်ရတာပေါ့ တနေ့ သူ နေမကောင်းဖြစ်ပီးအန်ချပါလေ ရော ကျွန်မစကတ်တွေဆိုအကုန်ပေပေါ့ :O ခုသူလည်း သူ တာဝန်ကျရာအလုပ်တွေကိုလုပ်ဆောင်နေသောဆရာဝန်မကြီးပေါ့ …………………..
ကျွန်မဆို အဲ့ ထဲ့မှာစိတ်ကောက်အသန်ဆုံးပါ ဒါပေမဲ့  သူငယ်ချင်းလေးတွေ ချော့တဲ့ အရသာကိုကြာတော့ခုံမင်တတ်လာတယ် သူတို့ နဲ့ လည်း စကားအကြာကြီးမပြောပဲ မနေနိုင်ဘူး
သူတို့ လာမချော့သေးရင် ရင်ထဲ မှာတမျိုးကြီးပဲ
                         ကျွန်မငယ်စဉ်ဘ၀ကနေ ခုချိန်ထိ တူတူတခန်းတည်း တက်ခဲ့ တဲ့ သူငယ်ချင်းတွေအားလုံးကို အမှတ်ရနေဆဲပါ အတန်းထဲမှာပီတီချိန်ဆိုလည်းသူငယ်ချင်းတွေနဲ့ တူတူထုပ်ဆီးတိုးတမ်းကစားခဲ့ တာတွေကိုလည်း မြင်ယောင်နေဆဲ ပေါ့
တယောက်နဲ့တယောက်စိတ်ဆိုးစိတ်ကောက်နေပေမဲ့ တခြားအခန်းကလူတွေက မခံချင်အောင်ပြောလာရင်ကိုယ့် အခန်းသားချင်းသူငယ်ချင်းချင်း အရမ်းစည်းလုံးခဲ့ ကြတဲ့ အချိန်လေးတွေလည်း ရှိခဲ့ ပါတယ်
ပြန်လိုချင်ပေမဲ့ မရနိုင်တော့ဘူး………………………….
ဆရာ ဆရာမတွေအမြဲတမ်းစိတ်ဆိုး စိတ်တိုခဲ့ ရတာလည်းကျွန်မတို့ အတန်းပါပဲ တီတီစီမှာ 2003 ခုနှစ်က ဂျီခန်းဆို ထိပ်ဆုံးကအဆိုးဆုံးစာရင်းပါခဲ့ ပါတယ်။ ဒါပေမဲ့လေ ဘယ်လောက်ပဲဆိုးဆိုး အချိန်တန်လို့ အရေးကြုံပီဆို အရမ်းစည်းလုံးခဲ့ တဲ့အတန်းပါ  အရင်ငယ်တုန်းက တယောက်နဲ့ တယောက်ဘယ်လောက်ပဲ စိတ်ကောက်ခဲ့ ပေမဲ့ ခုအပြင်မှာပြန်တွေ့ ရင် အခုချိန်ထိ ဖက်လှဲတကင်းနဲ့ ရှိနေကြတာ ကျွန်မတို့ သူငယ်ချင်းတွေရဲ့ အရမ်းကိုချစ်ဖို့ ကောင်းတဲ့ စိတ်လေးပါ
သူငယ်ချင်းတွေကို အရမ်းကိုသတိရပါတယ် …………………..
ခုတော့လည်း တယောက်တနေရာစီ ကိုယ်ကျရာအလုပ်တွေကိုလုပ်ရင်း တွေးနေလို့ ပဲရတော့တယ်
ခုတော့ နည်းပညာတွေကလည်းတိုးတက်လာတော့ အင်တာနက်မှာစကားပြောလို့ ဆုံလို့ ရနေပြီလေ
အရင်ငယ်ဘ၀လေးတွေကို ပြန်ပြောပီး လွမ်းနေရုံ အမှတ်ရနေရုံကလွဲရင် …………………………….
No comments:
Post a Comment